Sunday, January 2, 2011

ရခိုင်ဘုန်းကြီးပျံပွဲနှင့် မြေစိုက်တလား၌ ကိန္နရာမအရုပ်ထည့်သွင်းရခြင်းအကြောင်းရင်း

ရခိုင်ပြည်သည် ၀တီလေးရပ် နဒီလေးစင်းနှင့် ကျွန်းလေးဆယ့်လေးကျွန်း တောအထပ်ထပ် တောင် အသွယ်သွယ် ရေပင်လယ် ကမ်းနဖူး နတ်လူများ မြူးလောက်အောင် အလှမဆင်ပဲ နဂို သဘာဝ၊ ပင်ကိုပြည်အလှကို မြေမဟီက ယနေ့တိုင်သက်သေထူလျှက် ရှိပေသည်။.Type the resရှေးယခင်က နဒီလေးစင်းက စီးဆင်းသော စမ်းရေအလျှင်သည် ညီနောင်အရင်းပမာ ချစ်ဖွယ်သာယာစွာ စီးဆင်းပြီး အမိသမုဒ္ဒရာ အဏ္ဏ၀ါမှာ နွေးထွေးစွာ ပေါင်းစည်းကြသလို ဓညတီ၊ ဒွါရာဝတီ၊ မေဃ၀တီ၊ ရမ္မာဝတီ သားသမီးများသည်လည်း တစ်အူးတုံဆင်း ညီရင်းအကိုကဲ့သို့ ကျောချင်းစပ် ရင်ချင်းဟတ် ကာ တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက် အချင်းအချင်း နွေးထွေး သွေးစီးစွာ ချစ် ကြည်ညို ကြသဖြင့်၊ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ၊ မြောက်ဦး ၊ ခေတ်ကြီးလေးခေတ် နှစ်ထောင် ပေါင်းများစွာ ထွန်းပြောင်လျှက် ရွှေရောင်တောက်ပြောင်ခဲ့သည်မှာ ယနေ့ မြေပေါ် မြေအောက် သမိုင်းများက သက်သေထူလျှက်ရှိနေပေသည်။ ယခုမျက်မှောက်ခေတ် တတိယ ဓည၀တီ၏နန်း တော်နှင့် ဝေသာလီနန်းတော်တို့မှာ မြေလွှာကို လက်တွေ့တူဖော်ထားသဖြင့်၊ ငါကဓည၀တီနန်းတော်၊ ငါက ဝေသာလီနန်းတော်ပါဟု မပြောသော်လည်း ပြောဘိသကဲ့သို့ မကြားရသော်လည်း ကြားရဘိသ ကဲ့သို့ လက်တွေ့ မျက်တွေ့ သိမြင်နေရခြင်းနှင့် ရခိုင်သူရခိုင်သားတို့၏ နားမှာ ပဲ့တင်ထပ်နေကြသဖြင့် ကမ္ဘာ့ သမိုင်းပညာရှင်များ ငြင်းပယ်လို့မရနိုင်သလို သတင်းကွယ်လို့လည်း မရနိုင်ကြပါ။ အဘယ့် ကြောင့်ဆိုပါသော် မြေပေါ်ကပြောသော စကားများထက် မြေအောက်မှ ပြောပြနေသော အုတ်ကျိုး ကျောက်စ ဓည၀တီ၊ ဝေသာလီနန်းမနှစ်ဆောင်မှာ ကြက်သီးမွှေးညင်းထောင်လောက်အောင် ခိုင်မာ ပြတ်သားစွာ စကားပြောပြနေသောကြောင့်ဖြစ်လေသည်။
တတိယဓညတီပြည့်ရှင် ဘုရင်စန္ဒသူရိယမင်းကြီးသည် မနောဓိဋ္ဌာန်စိတ်ဖြင့် အတုလမည်တွင် ကိုးဂုဏ်ရှင် ဗုဒ္ဓဂေါတမအား ကြည်လင်ယိုဖိတ် သြကပ္ပန သဒ္ဒါစိတ်ဖြင့် ဖင့်ဖိတ်တောင်းပန်သည်ကို မြတ်ဗုဒ္ဓ သိတော်မူ၍ မဇÑိမမှ ပုရိမဌာနသို့ ကြွတော်မူရန် ညီတော်အာနန္ဒာနှင့် ရဟန်ုးငါးရာတို့ကို ပြသာဒ် ငါးရာထက်မှာတက်စေ၍ ပြသာဒ်ငါးရာခြံရံလျှက် ဓည၀တီနိုင်ငံတော်ကြီးသို့ ကောင်းကင်ခရီး ဖြင့် ဒေသစာရီကြွချီတော်မူစဉ် ဓည၀တီမြို့တော်ကြီး၏ အနောက်မျက်နှာအရပ်၌ရှိသော ကစ္ဆပနဒီမြစ် ၏ အရှေ့ကမ်းပါးအရပ် ၌ရှိသော သေလာဂီရီအမည်ရှိ သော ကျောက်တော်တောင်ထိပ်၌ သက်ဆင်းတော်မူ၍ ရပ်တည်နေတော်မူပေသည်။
ဘုရင်စန္ဒသူရိယမင်းအား မြတ်ဗုဒ္ဓသည် ကျောက်တော်တောင်ထိပ်မှ ငါဗုဒ္ဓ တကာတော် ဌာနသို့ ကြွရောက်နေပြီဟု မပြောသော်လည်း ပြောဘိသကဲ့သို့ ရောင်ခြည်တော်ကို ထုတ်လွှင့်ပြသ ဖြင့် ဘုရင်စန္ဒသူရိယမင်းကြီးမှာ ရွှင်လန်းဝမ်းသာ သွားရောက်ကာ ပင့်ဆောင်ပြီး နန်းဦး၌သတင်းသုံး စေရန်လျှောက်ထားလျှက် မွန်မြတ်လှစွာသော ပဏီတဘောဇဉ် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆက် ကပ်လှူဒါန်းပြီး မြတ်ဗုဒ္ဓ၏ရွှေနှုတ်တော်မှ ဘုရင်စန္ဒသူရိယနှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား ၀မ်းမြောက်စရာ အနုမောဒနာကထာ ဟောကြားချီးမြှောက်ပေးသည်။ ဘုရင်စန္ဒသူရိယကား တရား တော်ကိုနာကြားရသဖြင့် မြတ်ဗုဒ္ဓထံမှ အပါယ်မကြောက်သော အဓိဂမသဒ္ဓါဓါတ်ကို ဘုရင်ကြီး၏ နှလုံးဓါတ်မှာကိန်းဝတ်စေခဲ့သည် ။ မြတ်ဗုဒ္ဓသည် မဇÑိမဒေသသို့ ပြန်ကြွခါနီးမှာ ဘုရင်ကြီးက “အရှင် ဘုရားပြန်ကြွသွားလျှင် တပည့်တော်တို့နှင့်တကွ တိုင်းသာပြည်သူ ကုသိုယူနိုင်ရန် ကိုယ်စားတော်တစ် ဆူ သနားတော်မူပါ” ဟု တောင်းပန်လျှောက်ထားသဖြင့် သီရိဂုတ္တတောင်ကုန်းပေါ်မှာ ရတနာများစွာ တို့ဖြင့် သွန်းလုပ်ပူဇော်ခွင့် ပြုပြီး ချီမြှောက်ပေးခဲ့သည်။
မဟာမြတ်မုနိဘုရားကိုယ်စားတော် သွန်းလုပ်ပူဇော်အပြီးတွင် ဘုရင်စန္ဒသူရိယနှင့် ရခိုင်သူ ရ ခိုင်သား ဗုဒ္ဓဘာသာဝင်သူတော်စင်များတို့အား မြတ်ဗုဒ္ဓက သတ္ထုဗိမ္ဗပူဇနိယ သံသက္ကထာသုတ္တန်ကို နှုတ်တော်မှ ထုတ်ပြန်ကာ ဟောကြားချီးမြှောက်သဖြင့် ဘုရင်စန္ဒသူရိယနှင့် ရခိုင်သူ ရခိုင်သား ထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်တို့သည် ချို့ယွင်းခြင်းမရှိသော စကားအမှန်ကို ပြတ်သားစွာ ဟောကြားတတ်သော အရိယာပုဂ္ဂိုလ်များဖြစ်၍ ကျန်ရစ်ခဲ့ပေသည် ။
မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဘုရင်စန္ဒသူရိယနှင့် ရခိုင်ပြည်သူ ရခိုင်ပြည်သားများသည် စစ်မှန်သော ထေရ၀ါဒသာသနာကို ကိုးကွယ်ကြည်ညိုလာကြသည်။ မဇိÑမဒေသနှင့် ပုရတ္တိမဌာနခေါ် ဓည၀တီရခိုင်ပြည်ကြီးသည်လည်း သာသနာရေး ဘာသာရေး လူမှုရေး စီးပွားရေးတို့ ကူလူးဆက်ဆံ မှု ရှိနေကြပေသည်။
ဘုရင်စန္ဒသူရိယနှင့် ရခိုင်သူရခိုင်သားများသည် မိမိတို့ အမြဲနိစ္စ ကိုးကွယ်ဆည်းကပ်ကြသော ဆရာတော် အရှင်မြတ်များပျံလွန်တော်မူလျှင် ဗုဒ္ဓဘုရားရှင်နှင့် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်ကောဏ္ဍပုတ္တတိဿ မထောရ်မြတ်တို့ ပရိနိဗ္ဗာန်ပြုသောအခါ ပူဇော်ဖွယ်မျိုးစုံတို့ဖြင့် အန္တိမ အဂ္ဂိဈာပန သာဓုကိဠာနသဘင် ပြုလုပ်ပူဇော်သကဲ့သို့ ဘုရင်စန္ဒသူရိယနှင့် ရခိုင်ပြည်သူပြည်သားတို့ သည်လည်း အတုယူကာ ယနေ့ထက်တိုင် အန္တိမပူဇော်ပွဲကို ပြုလုပ်ပူဇော်နေခြင်းမှာ သာသနာ တော်နှင့် တိုင်းပြည်ကို ချစ်ပြီး သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းနေခြင်းဖြစ်သည်။
ယင်းသို့ထိန်းသိမ်းနေခြင်းမှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာ၌ တိုင်းစရာပမာဏမရှိ သလို နှိုင်းစရာသာဓကလည်းမရှိနိုင်ခြင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ အတွက် ဂုဏ်ယူစ ရာပင်ဖြစ်ပေသည်။
“ကိန္နရာမ နားနေသော လောင်တိုက်(မြေစိုက်)တလားကြီး ၎င်းလောင်တိုက် (မြေစိုက်) တလား ကြီး၏ အရှေ့၊ အနောက် တောင်နှင့် မြောက်မှာ…..” ဆရာတော်တစ်ပါး ပျံလွန်တော်မူလျှင် ရပ်ရွာရှိ တပည့်ဒကာ၊ ဒကာမများနှင့် ဂိုဏ်သံဃာ ပတ်ဝန်းကျင်သံဃာ၊ ပတ်ဝန်းကျင်ရွာတို့မှ ဒကာ၊ ဒကာမများတို့သည် ဆွမ်းစသော လှူဘွယ်ဝတ္ထု အစုစုနှင့် ပူဇော်လျှက် သံဝေဂတရားများကိုလည်း ပွားများကြသည်။
ရုပ်ကလပ်၏ အလောင်းတော်မြတ်ကို ပန်းဆင်ပြီး နှစ်ရက် သုံးရက်ပူဇော်ဖွယ်မျိုးစုံတို့ဖြင့် ပူဇော်ကြသည်။ သုံးရက်မြောက်သောအခါ အလောင်းတော်ကို တုံးခေါင်းသွင်းပြီး တူရိယာမျိုးစုံ တီးမှုတ်ငြိမ့်ညောင်းလျှက် အကမျိုးစုံတို့ဖြင့် ပူဇော်ကာ နိဗ္ဗာန်ကျောင်းပေါ်သို့ ပင့်ဆောင်လျှက် ပူဇော် ထားရှိကြပေသည်။
ပင်မြင့်စံသောရခိုင်တို့၏ စံတင်ပန်း ဂန္တ၀င်ပန်း တော်ဝင်ပန်း ပန်းမြတ်ဘုရင် နန်းထွက်တင် သော ပန်းသဇင်ပေါ်စ နတ်တော်လမှာ ဇာတ်,သိုင်း,ဟန် တို့ဖြင့် ပူဇော်လျှက် သံဃာတော်များနှင့် တပည့် တကာ၊တကာမများတို့က နိဗ္ဗာာန်ကျောင်းမှ အလောင်းတော်မြတ်ကို သံဝေဂရစရာ ဂါထာဗန္ဓ များကို ရွတ်ဖတ်ပူဇော်ကာ ပန်းကြာကလာပ်ပေါ်သို့ တစ်ဖန်ပင့်ဆောင်ပူဇော်ကြပြန်သည်။
ရွက်ဝါကြွေပြောင်း အခါကောင်းသော လတပေါင်းမှာ လျှပ်ပန်းလျှပ်နွယ် ကနုတ်ပန်း အသွယ်သွယ်နှင့် အဆန်းတကြယ် စီမံသတ်ယပ်သော ဗဟိုမဏ္ဍာပ်တော် ဆောင်တော်ကူး ပြာသာဒ်နှင့် ကလာပ်ခံသော ကရ၀ိတ်ဖောင်တော်ယာဉ် ရတနာဆင်ယာဉ်တစ်ဖက်၊ လူတဖက်ဆွဲကာ ပူဇော်သော ဆွဲတစ်လား သိကြားမင်းစံသော ဝေဇယန္တာပြာသာဒ်ကဲ့သို့ ကိန္နရာမနားနေသော လောင်တိုက်(မြေစိုက်) တလားကြီး ၎င်းလောင်တိုက် (မြေစိုက်)တလားကြီး၏ အရှေ့ အနောက် တောင်နှင့် မြောက်မှာ သိကြားမင်း၏ဇနီး သုစိတ္တာ၊ သုမိတ္တာ၊သုနန္ဒာ၊သုမာလာ၊ သုဇာတာ- စံသော တစ်ဆင့်နိမ့် မြေစိုက်တလား လေးလုံးနှင့် မြေစိုက်တလားကြီး၏ လက်ဝဲလက်ယာမှာ စံကျောင်း စံချိန် စံယာ စံနန်း စံမြန်း စံညွန့် စံမြန့် စံတင့် စွမ်းနိုင်သမျှ ပြုလုပ်ကြပြီး တပည့်ဒကာ၊ ဒကာမတို့၏ ကျေးရွာအသီးသီးမှ ဒုံးကြမ်း ကတလားများစွာတို့နှင့် သိန်းပေါင်းများစွာ အကုန်အကျခံပြီးနောက် ဈာပနပွဲကို အစွမ်းကုန်ပူဇော်ဆင်နွဲကြပေသည်။
ပန်းကြာကလာပ်ပေါ်မှ အလောင်းတော်မြတ် ရုပ်ကလာပ်ကို ရဟန်းသံဃာတော်များနှင့် လူမရိသတ်များတို့က နိဗ္ဗာန်ကျောင်း ပန်းကြာကလာပ်ပေါ်တွင် ရက်လကြာညောင်း တရားအောင်း ခြင်းမှ အညောင်းဖြေရန် ထတော်မူပါဟူသော ဂါထာတော်ကို ရွတ်ဖတ်ပင့်လျှောက်ပြီး အလောင်း တော်ထေရ်ဘုန်းရှင်အား တပည့်တကာမများ၏ ရွှေပခုံးယာဉ်ပေါ်မှာတင်ကာ ပင့်ဆောင်လျှက်
ရဟန်းသံဃာများ တပည့် ဒကာ၊ ဒကာမပရိသတ်များတို့က နောက်မှဝိုင်းရံကာ ပင့်ဆောင်လျှက် လက်ယာရစ်ပတ်ပြီး ကတလားအသီးသီးတို့တွင်တင်ကာ ကခုန်ပူဇော်ကြသည်။
ကတလားအသီးသီးတို့တွင် အလောင်းတော်ရုပ်ကလာပ်ကို တင်၍ ကခုန်ပူဇော်ခြင်းသည် အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်စံသောအခါ တောဆင်ရတနာများ အလောင်းတော်ကို နှာမောင်းမှာတင် ပြီး တစ်ကောင်းနှင့်တစ်ကောင် အလောင်းပြောင်းကာ နှာမောင်းဖြင့် ထမ်းရွက်လျှက် ကခုန်ပူဇော်ကြ သည်ကို အတုယူသောအားဖြင့် ထေရ်ဘုန်းရှင် အလောင်းတော်မြတ်အား တပည့်များ၏ ရွှေပခုံးယာဉ် ပေါ်မှာတင်ပြီး ကခုန်ပူဇော်ကြကာ ဗဟိုမဏ္ဍာပ် ဧယဉ်စင်မြပုခက်သို့တင်ကာ ဧယဉ်ကျူး ပူဇော်ကြ ပေသည်။
ဒုတိယနေ့နံနက်ပိုင်းတွင် ဒုံုးကြမ်းခေါ် တလားကပြီး နေ့လယ် ဟန်ယိမ်းအကများ ဧယဉ်ကျူး ခြင်းများဖြင့် ပူဇော်ပြီး ည(၃)နာရီတွင် ဒုံးကြမ်းတလားကလျှက် (၄)နာရီအချိန် ဆွဲတလားသို့တင်ကာ ရတနာဆင်တစ်ဖက် လူပရိသတ်တစ်ဖက်ဆွဲပြီး ပူဇော်ကြကာ ည(၅)ရီခွဲအချိန် စံကျောင်းတလားပေါ် သို့ ၀ိုင်းဝန်းပို့ဆောင်လျှက် ည(၁၀)နာရီ(၁၁)နာရီထိ ဧယဉ်ကျူး ပူဇော်ကြသည်။ ညပွဲအဖြစ် ဟန်ုယိမ်း အကနှင့် ဧယဉ်ကျူးပူဇော်ပြီး ညလုံးပေါက် ဇာတ်သဘင်ပွဲမှ ရွှေပွဲလာပရိသတ်များကို ဧည့်ခံ ဖျော်ဖြေ ကြသည်။
တတိယနေ့နံနက် တလားအက၊ ဟန်အက၊ ဒုံးယိမ်းအက၊ဒုံးကြမ်းအကတို့ဖြင့် ပူဇော်လျှက် အလောင်းတော်ကို စံကျောင်းတော်မှ တဖန် ဗဟိုမဏ္ဍာပ်သို့ ပိင့်ဆောင်ပြီး ဧယဉ်ကျူးခြင်းသိုင်း ဟန် ဒုံးကြမ်းအကမျိုးစုံတို့ဖြင့် ပူဇော်လျှက် နေ့လယ်(၁)နာရီမှာ ရခိုင်ရိုးရာ ဇာတ် သိုင်း ဟန် ဒုံးယိမ်း ဒုံးကြမ်း အကမျိုးစုံတို့ကို ဆုအသီးသီးပေးပြီး နေ့လယ်(၂)နာရီမှာ ကိန္နရာမ နားနေသော လောင်တိုက် (မြေစိုက်) တလားကြီးသို့ ပင့်ဆောင်ကာ ဒုံးမီး ဒုံးဆန်း ဂြင်တိုက် မီးပန်းတို့ဖြင့် ပူဇော်လျှက် ည(၁၀) နာရီမှာ နံ့သာထင်းဖြင့် အလောင်းတော်ကို အရိုးပြာကျအောင် မီးဖြင့်ပူဇော်ကြပေသည်။
သုံးညတိုင်တိုင် ဇာတ်သဘင်အဖွဲ့မှ ဖြေဖျော်ပြီး လေးရက်မြောက် အရုဏ်ဦးမှာ အရိုးကောက် ကာ အရိုးတိုက်သွင်းပြီး ပူဇော်ကြလေသည်။ ယင်းကဲ့သို့ ရခိုင်ဘုန်းကြီးပျံပွဲ၌ သိန်းပေါင်းများစွာ အကုန်အကျခံပြီး ပွဲတော်ကျင်းပပူဇော်နေ ခြင်းသည်။
သီလ၀တော ပန ပရိနိဗ္ဗူတော ဘိက္ခုနောဝိယ မဟန္တံ ပိ သက္ကာရံ ကာတုံ ၀တ္တတိယေ၀။
ဟူသော အဋ္ဌကထာစကားအရ သီလရှိသော ရဟန်းတော်များ ပျံလွန်တော်မူသည်ရှိသော် ပရိနိဗ္ဗာန် ပြုသောရဟန္တာမထေရ်မြတ်များကဲ့သို့ များစွာသော ပူဇော်သက္ကာရတို့ကို ပြုခြင်းငှာ သင့်လျော်ပေသည်ဟု ပြောသောစကားအရ စာလာပေလာ အစဉ်အလာအားဖြင့် လိုက်နာကျင့်သုံး ပူဇော်ာကသည်မှာ ရခိုင်သူ ရခိုင်သားတို့၏ သမိုင်းစဉ်လာ ယဉ်ကျေးမှု ဓမ္မတာထုံးတမ်းတစ်ရပ်ဟု ဆုံးဖြတ်ရပေမည်။
နောက်ဆုံး အန္တိမအဂ္ဂိဈာပန မီးသင်္ဂြီုဟ်ရာလောင်တိုက်(မြေစိုက်)တလားကြီး၌ ကိန္နရာမအရုပ် တပ်ဆင်ပြုလုပ်ခြင်းကို အများစုက ရဟန်းတော်များ အိမ်ထောင်မကျဖူးသဖြင့် ယမင်းမြောင်ကာ အိမ်ထောင်ချပေးခြင်းဖြစ်သည်ဟု ပြောဟောသိနေကြပေသည်။
အိမ်ထောင်မကျဖူးသောရဟန်ုးတော်များကို မမြတ်သောမေထုန်အကျင့်ကို အငယ်ကပင် ရှောင်ကြည်သဖြင့် (၀ါ) အငယ်ကပင် ဖြူစင်အောင်နေသဖြင့် ငယ်ဖြူဟုခေါ်ကြပေသည်။ အိမ်ထောင် ကျပြီး ကြီးမှ ရဟန်ုးပြုလာကြသောပုဂ္ဂိုလ်များကို နိက္ခမဟုခေါ်ကြသည်။
နိက္ခမသဒ္ဒါသည် ထွက်မြောက်ခြင်းဟုအဓိပ္ပါယ်ရသည်။ ထွက်မြောက်ခြင်းသည် သံသရာမှ ထွက်မြောက်ခြင်းကို ဆိုလိုသည်။ ယခုမူကား အိမ်ရာတည်ထောင်လူ့ဘောင်မှထွက်မြောက်ခြင်ကို ရည်၍ နိက္ခမဟုခေါ်ဝေါ်ပြောဆိုကြခြင်းဖြစ်သည်။ နိက္ခမဟု ခေါ်ဝေါ်ပြောဆိုကြလျှင် အချို့ပုဂ္ဂိုလ်များ မခံချင်စရာ စိတ်နာစရာပင်ထင်ကြသည်။ ငယ်ဖြူဟုခေါ်ခြင်းသည် အဆင့်မြင့်အားဖြင့်ကား သင့်တင့် သလို နိက္ခမဟုခေါ်ခြင်းသည်လည်း တစ်ဆင့်မြင့်ကာ အရင့်အမာသဘောမျိုးသက်ရောက်ပေသည်။ မခံချင်စရာ မာန်ပါစရာသဘောမျိုး မယူဆသင့်ဟု အကြံပြုလိုပေသည်။
လွန်ခဲ့သော(၁၃၆၇)ခုလောက်က မင်းပြားမြို့ ပဉ္စသီလ ရက္ခိတငါးပါးသီလအသင်း ဓမ္မသဘင်ပွဲ တော်ကြီး၌ ထောင်နှင့်ချီသော တရားနာပရိသတ်ကို ဓမ္မသနပလ္လင်ပေါ်က လောင်တိုက်(မြေစိုက်) တလားကြီးမှာ ကိန္နရာမအရုပ်ထည့်သွင်းသည်ကို ငယ်ဖြူဖြစ်၍ အိမ်ထောင်မကျခဲ့သဖြင့် ယမင်းမြောင် ကာ ဇနီးမယားအဖြစ် ထည့်သွင်းသည်ဟု ဟောပြောသွားခဲ့သည်။ နိက္ခမပျံလွန်လျှင် ကိန္နရာမအရုပ် ထည့်သွင်းစရာမလို အိမ်ထောင်ကျဖူးသောကြောင့်ဖြစ်သည်ဟုလည်း အတည်ဟောပြော သာသနာ ပြုသွားသည်ကို ကြားသိရသဖြင့် ဓမ္မကထိက ဆရာတော်မှာအသိနှောင်းသောကြောင့် ထောင်နှင့် ချီသော တရားနာပရိသတ်အပေါင်းမှာ အသိပြောင်းသွားသည်ကို စိတ်မကောင်းဖြစ်မိသဖြင့် အသိ မီးမောင်း ထိုးပြချင်စိတ် နှလုံးအိမ်မှ ယိုဖိတ်လာခြင်းဖြစ်ပေသည်။
ကောဏ္ဍပုတ္တတိဿ ရဟန္တာမထေရ်မြတ်ကြီး၏ မိခင် မယ်တော်ကြီးသည် လူ့ဘ၀မှ ကွယ်လွန် အနိစ္စရောက်သောအခါ ကိန္နရာဘုံဘ၀မှာဖြစ်ပြီး ၎င်းဘုံဘ၀မှာ ကိန္နရာမအဖြစ်ဖြင့် ပျော်မွေ့နေသည်။ သားဖြစ်သူ တိဿရဟန္တာမထေရ်ကြီးသည် တပည့်သံဃာပရိသတ်များကို နေ့မှာစာချ စာသင် လုပ် ငန်းကို ပြုလုပ်ပြီး ညမှာတရားဟော တရားပြ ပဋိပတ်လုပ်ငန်းကို စီးဖြန်းပြုလုပ်၍နေသော ပရိယတ် ပဋိပတ်နှစ်ဖက်လှသော ဆရာတစ်ပါးဖြစ်ပေသည်။
တစ်နေ့သောအခါ တိဿမထေရ်မြတ် ညဥ့်မှာ လေနာရောဂါ ထကြွ၍ ဆာလောင် မွတ်သိပ် ခြင်းဝေဒနာကို အလူးအလဲ ခံစားရသဖြင့် ၎င်းင်ဝေနာပျောက်ရန်အတွက် တစလက်စွန်းမျှသော ထောပတ်ကို ရှာဖွေကြသော်လည်း မရရှိသဖြင့် ဝေဒနာနှိပ်စက်သည့်ဒါဏ်ကို သည်းခံပြီး တပည့် ပရိတ်သတ်ကို မမေ့မလျော့ မပေါ့မဆသော အပ္ပမာဒ သတိတရားဖြင့် နေရစ်ကြပါဟု ဆုံးမပြီး ကောင်းကင်၌ ထက်ဝယ်ခွေ၍(တင်ပလ္လင်ခွေ)လျှက် တေဇောကသိုဏ်းကို ၀င်းစားကာ ပရိနိဗ္ဗာန်ပြု သွားရလေသည်။
တိဿမထေရ်အရှင်မြတ် တစ်လက်စွန်းမျှသော ထောပတ်ကို ရှာ၍မရ မသုံးဆောင်ရသဖြင့် ပရိနိဗ္ဗာန်ပြုသွားသည်ကို ပါဋလိပုတ်ပြည့်ရှင် ရင်ထုမနာဖြစ်ပြီး ငါ့လိုပြည်ကြီးရှင် ဘုရင်တစ်ပါးရှိပါ လျှက် တစ်လက်စွန်းမျှသော ထောပတ်ကို ရှာမရလျှင် အဘယ်အကျိုးရှိအံ့နည်း ၊ နောင်အခါ ရဟန်း တော်များ ထောပတ်ရှာမရ၍ ဆင်းရဲဒုက္ခမဖြစ်ရလေအောင် ပါဋလိပုတ်မြို့တော်၏ အရှေ့၊ အနောက်၊တောင်၊ မြောက် ၊ တံခါးပေါက်အနားမှာ အုတ်ကန်တစ်ကန်စီပြုလုပ်ပြီး ထောပတ် အပြည့် ထည့်ကာ အာဂတာနာဂတ စတုဒိသာသံဃိက လှူဒါန်းထားလေသည်၊ တိဿမထေရ် အလောင်း တော်အား လောင်တိုက်(မြေစိုက်)တလား ပြုလုပ်လျှက် ပွဲတော်ကျင်းပကာ ပူဇော်ဖွယ်မျိုးစုံ တို့ဖြင့် ခြိမ့်ခြိမ့်သဲ ပူဇော်ပွဲကို ဆင်နွှဲပြုလုပ်ခဲ့ပေသည်။
ကောဏ္ဍအမည်ရှိသော ကိန္နရာမသည် မိမိ၏သား တိဿရဟန္တာမထေရ်မြတ်အား နောက်ဆုံး အန္တိမဂါရ၀ပြုပူဇော်လို၍ လောင်တိုက်တလား၌နားကာ သားအလောင်းတော်အား ပူဇော်ဂါရ၀ပြုနေ သည်ကို သရုပ်ဖော်ရည်ညွန်း၍ မိခင်သည် ဘ၀မတူတစ်မူကွဲပြားငြားသော်လည်း သားသမီးများအ ပေါ် တရားနှင့်အညီချစ်ခင်မြတ်နိုးသော မိခင်စိတ်အမြဲရှိနေသည်ကို နောင်လာနောင်သားတို့ အတုယူ စေချင်သဘောဖြင့် ကိန္နရာမအရုပ် လောင်တိုက်တလားကြီး၌ ထည့်သွင်းပြုလိုက်သည်မှာ ရခိုင်သူ ရခိုင်သား ဘာသာရေးဥာဏ်အမြော်အမြင်အားဖြင့် တဆင့်တက်ကာ မြင့်မားနေသည်မှာ ဂုဏ်ယူစရာ လည်းဖြစ် အတုယူစရာလည်းကောင်းလှပေသည်။
ကောဏ္ဍအမည်ရှိ ကိန္နရာမနှင့် တိဿမထေရ်မှာ ဘုရားဟောပိဋကတ် စာပေသမိုင်းနှင့် ညှိနှိုင်းကြည့်လျှင် အမိနှင့်သားဖြစ်နေသည်ကို အရှိတရားများက မဖုံးကွယ်နိုင်ပါ။ အသုံးလွယ်ကူစွာ ဟောပြောသော ဓမ္မကထိကဆရာတော်မှာ စာပေနှင့်ကွာဝေးသဖြင့် အသိလွဲကာ အမိနှင့်သားကို လင်နှင့်မယားအသွင်အဖြစ် ဟောပြလိုက်သဖြင့် ထောင်နှင့်ချီသော တရားနာပရိသတ်မှာ ကောဏ္ဍ အမည်ရှိသော ကိန္နရာမနှင့် တိဿအမည်ရှိသောရဟန္တာမထေရ်မြတ်တို့ကို အမိနှင့်သားဟု အမှန် မသိကြပဲ လင်နှင့်မယားအဖြစ် အပြန်သိရှိသွားခြင်းသည် ဘာသာရေးအတွက် ရင်မအေးစရာ ဖြစ်သ ဖြင့် အသိလမ်းချော်နေသောသူများကို လမ်းမှန်ပေါ်သို့ရောက်စေခြင်းငှာလည်းကောင်း၊ အသိလမ်းလွဲ နေသောသူများကို သတိပေးကာ အသိမြဲစေခြင်းငှာလည်းကောင်း၊ ဆရာပေးသောဥာဏ်လက်ဖြင့် ထိုဓမ္မကထိက၏ အသိလွဲချော်နေသောပရိသတ်များကို အသိမှန်အမြန်မှန်ရစေခြင်ငှာ ရခိုင်ရာဇ၀င် သမိုင်းများနှင့် ပိဋကတ်ပါဠိတော် အဋ္ဌမထာများကို ရှာဖွေမွှေနှောက်လျှက် တိမ်မြုတ်ပျောက်ကွယ် နေသော အသိစိတ်ဓါတ်ကို ဓမ္မအမြင်ကြည်လင်စေရန် မထိန်းမချုပ်ဖော်ထုတ်သောအားဖြင့် သမိုင်း အမွေအနှစ်များကို သာသနတိုင်းချစ်ပြည်ချစ် စာဖတ်ပရိသတ် အသစ်အဟောင်းပုဂ္ဂိုလ် အပေါင်းတို့ အား စေတနာကောင်းဖြင့် ရှာဖွေကာ အဖြေပေးလိုက်ခြင်းဖြစ်စေသတည်း။

မင်းဣန္ဒာ-မင်းပြား။



.

0 comments:

Post a Comment