Friday, November 19, 2010

ဘာသာကိုးကွယ်မှု နှင့် လိင်ခွဲခြင်းမှုအပေါ် ထင်မြင်သုံးသပ်ချက်

မောင်ကျောက်ကောင်း
`သတ္တ၀ါ ခမ်သိမ်း အကျိုးစီးပွားအလိုငှာ သတ္တ၀ါခပ်သိမ်းချမ်းသာစေခြင်းလို့ငှာ၊ နတ်လူတို့ အကျိုးစီး ပွားအလိုငှာ´ ထူးကဲမွန်မြတ်သော ပုဂ္ဂိုလ်တို့´ ဤလောကဓာတ်တိုက်၌ ဖြစ်ထွန်းပေါ်ပေါက်၏။ ထိုထူးကဲ မွန် မြတ်သော ပုဂ္ဂိုလ်ဟူသည် `တထာဂတာ´ ခေါ်တွင် သဗ္ဗညုကိုယ်တော်မြတ်ပင်တည်း´။
(အဂုၤတၱရနိကာယ)
.မြတ်စွာဘုရားသည် ဝေသာလီပြည်မဟာဝုန်တော ကုဋာဂါရခန်းမဆောင်၌ သီတင်းသုံးတော်မှုခိုက်၊ ခိုင် မြဲသော သန္နိဌာန၊ မဆုတ်မနစ်သော ၀ီရိယနျင့် မဟာပဇာပတိဂေါတမီ (မြတ်စွာဗုဒ္ဓ၏ မိထွေး) သည် ဆံကေ သာကိုရိတ်ဖြတ် အ၀ါရောင်ဖန်ရည်ဆိုးအ၀တ်၊ ၀တ်ဆင်ပြီးသာဂီဝင်သမီးအပေါင်းခြံရံလျက် ကပ္ပိလ၀တ်ရွှေပြည် တော်မှ မိုင် ၁၅၀ ခန့် အလှမ်းဝေးသော လိစ္ဆ၀ီမင်းတို့ စံမြန်းရာဝေသာလီသို့ ပင်ပန်းကြီးစွာ လျှောက်လှမ်းလာခဲ့ ပါသည်။

ရှည်လျားသော ခရီးလမ်းကြောင်းကြောင့် ပွရောင်နေသောခြေ၊ ဖုံလိမ်းကျံနေသောကိုယ်ဖြင့် မြတ်ဗုဒ္ဓသီ တင်းသုံးတော်မှုရာ ကျောင်းတော်ဆင်ဝင်း၌ ရပ်နေပါသည်။

မိထွေးတော်ဂေါတမီ၏ ဖြစ်အင် ကြောင်းကျိုးစုံလင်သိရှိတော်မှုသော အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓထံ မှောက်ကြွရောက်တော်မှုပြီး ပါရမီအရှင်အမျိုးသမီးများ အိမ်ရာမထောင် ရဟန်းဘောင်သို့ ၀င်ရောက်၍ မြတ်ဗုဒ္ဓ မိန့်အပ်သိက္ခာမြတ်ကို ခံယူကာ ရှင်ရဟန်းပြုခွင့်ပေးတော်မှုပါရန် လျှောက်ထားတော်မှုလေသည်။

`ညီတော်၊ တော်တော့၊ အမျိုးသမီးများ ရှင်ရဟန်းပြုခွင့်ကို မနှစ်သက်ပါလင့်။ ဤသို့ ဗုဒ္ဓမြတ်စွာ (၃) ကြိမ်တိုင်တိုင် တားမြစ်တော်မူခဲ့သည်။

ယင်းသို့တိုင် အရှင်အာနန္ဒာက ဗုဒ္ဓမြတ်စွာအား နောင်တော်ကြီးဘုရား အမျိုးသမီးများ အိမ်ရာတည် ထောင် လူ့ဘောင်စွန့်ခွာ အိမ်ရာမထောင် ရဟန်းဘောင်သို့ ၀င်ရောက်ပြီး နောင်တော်မိန့်အပ် အကျင့် သိက္ခာ မြတ်ကို ခံယူလျက်ကျင့်ကြံအားထုတ်သောအားဖြင့် အရိယာပုဂ္ဂိုလ်တို့ မျက်မှောက်ပြုအပ်သော မဂ်ဖိုလ်ကို ရနိုင်စွမ်း ရောက်နိုင်စွမ်း ရှိပါ၏လော့။ ဤသို့ ဗုဒ္ဓမြတ်စွာအား ကျိုးနွံစွာမေးမြန်းတော်မူလေသည်။

ရှင်အာနန္ဒာ၏ ဗုဒ္ဓမြတ်စွာအပေါ် မေးမြန်းလျှောက်ထားချက်မျာ ထိမိပြီးသာသနာ့အကျိုးစီးပွားကိုလို လားသူ အမျိုးကောင်းသား၊ အမျိုးသမီးကောင်းတို့ အတွက် အထူးလေးထားစဉ်းစားရမည့် အချက်လည်း ဖြစ်ပါ သည်။

ထို့အပြင် အရှင်အာနန္ဒာမထေရ်က ဗုဒ္ဓမြတ်စွာအား အမျိုးသမီးများ သာသနာတော်ဝန်ထမ်း ရှင်ရဟန်း အဖြစ်ကို တောင်းပန်လျှောက်ထားချက်တွင် မိထွေးတော်ဂေါ်တမီ၏ ဗုဒ္ဓမြတ်စွာအပေါ် လူမမည်ကလေးအရွယ် မှ ပြုစုစောင့်ရှောက်လာပုံ မယ်တော်ကြီးနတ်ရွာစံပြီးနောက် မိမိရဲ့နို့ချိုကိုပင် တိုက်ကျွေးခဲ့ပုံများကို အထူးအ လေးထားပြီး မိထွေးတော်ဂေါတမီ၏ ကျေးဇူးကြီးမားပုံကို လျှောက်ထားလေသည်။

ရှင်အာနန္ဒာ၏ ကျိုးကြောင်းဆီလျှော်စွာ လျှောက်ထားမှုကြောင့် မြတ်ဗုဒ္ဓသည် ဂရုဓမ်(၈) ပါး ဥပဒေသ ကို ပညတ်တော်မှုပြီး အမျိုးသမီးများအား သာသနာတော်ဝန်ထမ်း ဘိက္ခူနီအဖြစ် လက်ခံတော်မူခဲ့သည်။

ဂရုဓမ်(၈) ပါးနှင့် ပတ်သတ်ပြီး စူဠ၀ါပါဠိတော်မြန်မာပြန်အတိုင်း အစုံအလင်ဖေါ်ပြမှု သင့်တော်လိမ့်မည် ဟု စာရေးသူထင်မြင်မိပါသည်။

(၁) ဘိက္ခူနီသည် ပဉ္ဇင်းဖြစ်၍ ၀ါတစ်ရာရှိသော်လည်း ထိုနေ့ပဉ္ဇင်းဖြစ်သော ရဟန်းအားရှိခိုခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီပြီးရိုသေခြင်း အမှုတို့ကို ပြုရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူ ဇော်၍ အသက်ထက်ဆုံးမလွန်ကျူးအင်။

(၂) ဘိက္ခူနီမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ၀ါမဆိုအပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသတ်ထက်ဆုံး မလွန်ကျူးအပ်။

(၃) ဘိက္ခူနီမသည် လခွဲတိုင်းလခွဲတိုင်း ဘိက္ခူသံဃာထံမှ ဥပုသ်ကိုမေးခြင်း၊ အဆုံးအမခံရန်ချဉ်ကပ် ခြင်းဟူသော ဤတရားနှစ်ပါးတို့ကို လိုလားတောင်းတရမည်။ ဤတရားနှစ်ပါးတို့ကို လိုလားတောင်းတရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၄) ဘိက္ခူနီမသည် ၀ါကျွတ်လတ်သော် နှစ်ဘက် သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အကြောင်း(၃) မျိုးတို့ဖြင့် ဖိတ်ကြားရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက် ထက်ဆုံး မလွန်ကျူးအပ်။

(၅) ဘိက္ခူနီမသည် သံဃာဒိသိသ် အာပါတ်သို့ ရောက်လတ်သော် နှစ်ဘက်သံဃာ၌ ပက္ခမာနတ်ကို ကျင့်ရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၆) နှစ်နှစ်တို့ ပတ်လုံး တရား(၆) ပါးတို့၌ အကျင့်ကိုကျင့်ပြီး သိက္ခမာန်အား နှစ်ဘက်သော သံဃာ၌ ပဉ္ဇင်းအဖြစ်ကိုခံယူရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံးမလွန် ကျူးအပ်။

(၇) ဘိက္ခူနီသည် ရဟန်းတော်ယောက်ျားကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဆဲရဲအပ်၊ အရေရွတ် အပ် ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၈) ရဟန်းဖြစ်သည့်နေ့မှစ၍ ရဟန်းယောက်ျားတို့ အပေါ်၌ ဘိက္ခူနီမတို့၏ အဆုံးအမ ပြောဆိုခွင့်ကို ပိတ်ပင်အပ်၏။ ဘိက္ခူနီမတို့အပေါ်၌ ရဟန်းယောင်္ကျားတို့၏ အဆုံးအမပြောဆိုခွင့်ကို မပိတ်မပင်အပ်။ ဤ တရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

ကျွန်ုပ်တို့ နေထိုင်ရာ ဤကမ္ဘာကြီးတွင် ယနေ့တိုင် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှ လက်ခံသည့် လူမှု့အဖွဲ့အစည်းဟူ၍ မရှိသေးပေ။ သို့သော် အမျိုးသမီးများသည် အမျိုးသားများနှင့် ဉာဏ်ပညာ အမြော်အမြင်အားဖြင့်၎င်း၊ စွမ်းရည်အားဖြင့်၎င်း အမျိုးသားများနှင့် ယှဉ်တွဲ၍ အောက်ခြေမှသည် ကမ္ဘာ့ခေါင်း များအထိ `မောင်တစ်ထမ်း မယ်တစ်ရွက်´ ဖြင့် လူ့သမိုင်းစဉ်တစ်လျှောက် ပခုံးပြောင်းတာဝန်ယူခဲ့ကြသည်မှာ အထင်ရှားပင်တည်း။

မျက်မှောက်ကာလတွင်လည်း အိန္ဒိယ၀န်ကြီးချုပ် အိန္ဒရာဂန္ဓီ(ကွယ်လွန်)၊ ဗြိတိန်ဝန်ကြီးချုပ် မာရက် သက်ချာတို့မှာ အမျိုးသမီးဖြစ်သည့်တိုင် နိုင်ငံခေါင်းဆောင်ပီပီ စွမ်းစွမ်းတမံ ခက်ခဲသည်ဖြစ်၍ ကမ္ဘာ့တစ်ခွင် တွင် "Iron Woman" သံမဏိအမျိုးသမီးကြီးဟူ၍ပင် တင်စားခေါ်ဝေါ် ရလောက်အောင်မြစ်လေသည်။
ဂရုစ်ဓမ်(၈) ပါးကို ပညတ်တော်မှုပြီး အမျိုးသမီးတို့အား သာသနာတော်ဝန်ထမ်း ရှင်ရဟန်းအဖြစ်ကို ခွင့်ပြု တော်မူခြင်းမှာ အမျိုးသမီးတို့သည် အမျိုးသားတို့၏ အခြံအရံအစေအပါးမျှသာ သဘောထားရှိသော ထိုဗုဒ္ဓ လက်ထက်တော်အခါ သမယမှာ အထူးသင့်တော်လှပါသည်။

ဤသည်မှာ ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်သော ထိုကာလနှင့် ပတ်သတ်၍ "Glimpses of World History"မှ ဆီလျော်အောင် ထုတ်နှုတ်ဖေါ် ပြလိုပါသည်။
လွန်ခဲ့သောနှစ် နှစ်ထောင့်ငါးရာကျော် ခရစ်မပေါ်ပေါက်မီ နှစ် ၆၀၀ ခန့်ကာလသည် ကျွန်ုပ်တို့လူသား များအတွက် ကြီးမားသော သမိုင်းမှတ်တိုင် ထူနိုင်ခဲ့သောအချိန်ကာလဖြစ်ပါသည်။ ဤအခါသမယတွင် ကြီးမား သော အတွေးခေါ်ရှင်ကြီးမား၊ ဘာသာထူထောင်သူ မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးများကို တရုတ်၊ အိန္ဒိယ၊ ပါရှင်(ယ ခု အီရန်) နှင့် ဂရိတ်နိုင်ငံစသော နိုင်ငံတို့တွင် အချိန်ကာလအားဖြင့် မရှေးမနှောင်း မတိမ်းမယိမ်း တစ်ခုသော ရာစုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည်ကို ကျွန်ုပ်တို့သမိုင်းမှတ်တမ်းအရ သိရှိရပါသည်။

သူတို့၏ တွေးခေါ်ကြံစည်မှုများသည် ပကတိဖြစ်ပေါ်လျက်ရှိသော သမရိုးကျ အခြေအနေအပေါ် တင်း တိမ်ကျေနပ်မှုမရှိဘဲ ထိုထက်ကျော်လွန်တွေးခေါ်မှု လှိုင်းတံပိုးကို ဘ၀ဂ်ညံအောင်ကြီးမားမြောက်ကြွစေခဲ့ပါ သည်။ ထိုကြီးမြတ်သော ကိုးကွယ်မှုဘာသာ(ဖေါင်ဒါ) တည်ထောင်ရှင်များသည် အမြဲတစေ တစ်စုံတစ်ခုအပေါ် ပကတိအခြေအနေထက် ကောင်းသည်ထက်ကောင်းအောင် ဆင်းရဲတွင်းမှလွတ်မြောက်ရန် ခိုင်မာသောအ ထောက်အထား သာဓကများထုတ်ဆောင်လျက် ကျွန်ုပ်တို့ ပတ်ဝန်းကျင် တစ်ခုလုံးအားပြောင်းလဲစေရန် အမြဲ တစေ ကြိုးပမ်းရှာဖွေခဲ့သူများဖြစ်ကြပါသည်။

၎င်းပုဂ္ဂိုလ်တို့သည် ကျွန်ုပ်တို့အပေါ် ကျရောက်လာမည့် မကောင်းဆိုးဝါး ဒုစရိုက်ဟူသမျှကို နှိမ်နှင်း တိုက်ခိုက်ရန် ၀န်မလေးသော ထာဝရတော်လှန်သော ပုဂ္ဂိုလ်များဖြစ်ပါသည်။ ရှေးကျပြီး ဟောင်းနွမ်းနေသော အတွေးအခေါ်၊ အယူအဆများကြောင့် အနာဂတ်ကြီးပွားရာလမ်းကြောင်းကို ပိတ်ပင်တားဆီးနိုင်သည်။ ရှေးကျ ပြီး ဟောင်းနွမ်းနေသော အတွေးအခေါ်၊ အယူအဆများကြောင့် အနာဂတ်ပွားရာလမ်းကြောင်းကို ပိတ်ပင်တား ဆီးနိုင်သည်။ မည်သည့်အတွေးအခေါ် အယူအဆမဆို စိုးစဉ်းမျှ ကြောက်ရွံ့တော်မမှုဘဲ တိုက်ခိုက်နှိပ်ကွက်သူ များလည်း ဖြစ်ပါသည်။

၎င်းတို့မှာ အိန္ဒိယတွင် ဗုဒ္ဓဂေါတမနှင့် မဟာဝီရ Vandamana (mahavira) တရုတ်တွင် ကွန်ဖျူးရှပ်(စ်) (Confucious) နှင့် လာအိုတစေ (Lao-Tse) ပါရှား(အီရန်)တွင် ဇာရာသူစ်ထရာ (Zarathushtr of Zorooster) ဂရိတွင် (Greece) တွင် ပိုင်သာဂိုရက်စ် (Py Tha Go Ras) တို့ပင်ဖြစ်ပါသည်။

၎င်းပုဂ္ဂိုလ်တို့ အမျိုးသမီးများအပေါ် သဘောထားနှင့် စပ်လျဉ်း၍ မဟာဝီရတည်ထောင်သော (Nigranthas)
နိဂြန္ထ(စ်)ခေါ် ဂျိန်းဘာသာ၏ အယူအဆအရ အမျိုးသမီးတို့နှင့်ပတ်သတ်၍ အမျိုးသမီးတို့သည် အတိတ်ပစ္စယ အထောက်အပံ့အားနည်းမှုကြောင့် မိန်းမအဖြစ်မှ မိန်းမအဖြစ်သို့သာဝင်ရောက်ကြရပြီး၊ အမျိုးသားများသည် အမျိုးသမီးတို့ထက်မြင့်မြတ်သော အတိတ်ကံပစ္စယကိုရရှိကာ မွေးဖွားလာသူများဖြစ်ပါသည်။ အတိတ်ကံ ၀ဋ္ဋ်ကြွေးရှိသမျှ ခံကြရဦးမည်သာ။

ထို့အပြင် အမျိုးသမီးဘ၀ဖြင့် မဂ်ဖိုလ်၊ ဥာဏ်စဉ်ကို မရရှိနိုင်သည်ဖြစ်၍ နိဗာန်ကို မျက်မှောက်မပြုနိုင် ပေ။ အကြောင်းမှာ တစ်လက်တစ်ကြိမ် ဓမ္မတာကိစ္စကို အမျိုးသမီးများအဖို့ မရှောင်လွှဲနိုင်ပေး ဤဓမ္ထတာကိစ္စ ရှိနေခြင်းသည် ဗြဟ္မစရိယအကျင့်မြတ်အတွက် အဟန့်အတားပင်ဖြစ်ပါသည်။ ဤနိမ့်ကျသော မိန်းမဘ၀မှ လွတ်မြောက်ရန် တစ်ခုတည်းသော ထွက်ရပ်လမ်းမှာ မိမိခင်ပွန်းလင်ယေက်ျားအပေါ် မယားဝတ်တရားနှင့် အညီ အရိုအသေပြု၍ ပါရမီဖြည့်ဆည်းခြင်းဖြင့် ပါရမီရှင်သန်ပြီး အမျိုးသမီးဘ၀မှ မြင့်မြတ်သော ပုရိသဘ၀သို့ တမလွန်တွင် ၀င်စားနိုင်သည်။

၎င်းမှ ရရှိလာသော ယောက်ျားဘ၀ဖြင့်သာ လောကီ၊ လောကုတ္တရာ အကျင့်လမ်းစဉ်ဖြင့် ဈာန်မဂ်ဖိုလ် ကိုရအောင် ကျင့်ကြံနိုင်ပါသည်။ ကွန်ဖျူးရှပ်(စ်)၏ အမျိုးသမီးများအပေါ် သဘောထားမှာ ထို့ထက်ပင် ပြင်းထန်ပြီး ကျွန်ုပ်တို့မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ပါသည်။ အမျိုးသမီးတို့သည် တွေးတောနိုင်သည့် စိတ်ဝိဥာဉ် အလျဉ်းမရှိ၊ ကိုယ်ခန္ခာသာရှိသည်။ အမျိုးသမီးအား သတ်ဖြတ်ခြင်းဖြင့် ရာဇ၀တ်မှုမမြောက်ချေ။ တစ်စုံတစ်ဦးသည် သူ၏ ကာမပိုင်ဇနီးမယားအား သတ်ဖြတ်ကျူးလွန်သည်ဖြစ်အံ့၊ ထိုသူ၏ ကိုယ်တိုင် ပိုင်ဆိုင် သော သူ၏ပိုင်ဆိုင်သော ကုလားထိုင်ပရိဘောဂ(သို့) တစ်စုံတစ်ခုကို ဖျက်ဆီးသကဲ့သို့သာ ဖြစ်ပြီး ရာဇ၀တ်မှု မမြောက်ချေ။ ဤကွန်ဖျူးရှပ်စ်(Confucious)၀ါဒသည် ထောင်စုနှစ်ချီပြီး တရုတ်ပြည်ကြီးကို လွှမ်းမိုးခဲ့သည်။

ဤပြည်ထောင်စုနှစ်များအတွင်း ဇနီးမယား၏ ကံကြမ္မာမှာ ကာမပိုင်လင်ယောက်ျား၏ စော်ကားသတ် ဖြတ်မှုမှ ကာကွယ်နိုင်သော အက်ဥပဒေဟူ၍မရှိချေ။ ဤကဲ့သို့ ၀ါဒရှင်များသည် ထိုတစ်ခေတ်က ခေတ်အမီ ဆုံးဝါဒတစ်ခုအဖြစ် ရှင်သန်ခဲ့သည်ကိုမူ သံသယဖြစ်စရာမလိုပါ။

ဗုဒမြတ်စွာဘုရားသည် ဂရုဓမ်(၈)ပါး ပညတ်တော်မူပြီး အမျိုးသမီးထုတစ်ရပ်လုံးအား သာသနာတော် ထမ်းရှင်ရဟန်းအဖြစ်ကို ခွင့်ပြုခြင်းကိုပင် အခြားအခြားသော ဘာသာသာသနာတို့ထက် အဆပေါင်းမြောက် မြားစွာ အမျိုးသမိးတို့၏ ရပိုင်ခွင့် အခွင့်အရေး ဗုဒဘာသာတွင် ရှိနှင့်ပြီဟု ကျေနပ်အားရမိပါသည်။
အမျိုးသမီးတို့နှင့် ပတ်သက်ပြီး ဘာသာကိုးကွယ်မှုကဏ္ဍအထိ လိင်ခွဲခြားမှုဇစ်မြစ် သမိုင်းကြောင်းကို ခြေရာခံလေ့လာသင့်ပါသည်။ သမိုင်းဦးခေတ် ကျောက်ခေတ်အစောပိုင်းကာလများတွင် လူသားတို့သည် အသိဥာဉ်လုံးဝ မဖွံ့ဖြိုးဘဲ တိရိစ္ဆာန်များအလား နေ့တဓူဝ ရှင်သန်လှုပ်ရှားခဲ့ရသော ရိုင်းစိုင်းရက်စက် ကြင်နာကင်းမဲ့သည့်အဆင့် (In a state of savagers) ၄င်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ပြီး ထိုထက် အတော် ကလေး ပိုယဉ်ကျေးလာသောအဆင့်(In the state of Barbarism) ထိုမှတစ်ဆင့် ယဉ်ကျေးသိမ့်မွေ့သော ယခုခေတသို့ အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးလာကြသည်ဟူ၍ သမိုင်းသုတေသီများ ကောက်ချက်ချကြပေသည်။

ဤကဲ့သို့သော ကြမ်းတမ်းခက်ထန်သော ဘ၀ပေးအခြေအနေမှ လူသားတို့သည် တစ်စတစ်စ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ အဆင့်ဆင့်ပြောင်းလဲကာ အနှောင့်အယှက်အတားအဆီးများကို ကျော်ဖြတ်၍ ရင့်ကျက်သော အတွေ့အကြုံများကို ပိုင်ဆိုင်လာရပါသည်။ ထိုအတွေ့အကြုံ လူသားတို့သည် မိမိတို့နှင့် အံဝင်ခွင်ကျဖြစ်အောင် အရာဝတ္ထုများကို တီထွင်ဖန်တီးခြင်း(Invention)နှင့် သဘာဝနိယာမများကို ရှာဖွေ တွေ့ရှိခြင်း(Discovery)တို့၏ အကျိုးရလဒ်တို့သည် ထိုအရိုင်းအစိုင်းအဆင့်ကို ကျော်လွန်ပြီး ယဉ်ကျေးသိမ့် မွေ့သော လက်ရှိအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။

ထိုခေတ်ထိုအခါက ကျွန်ုပ်တို့ ဘိုးဘေးဘောင်ဘင်တို့သည် တောတောင်ကိုမှီခိုပြီး မိမိတို့ဘ၀ရှင်သန် ကြီးထွားရေးအတွက် အစားအစာရှာဖွေရသည်မှာ အလွန်ခက်ခဲလှပါသည်။ ဤသို့သော အခြေအနေတွင် ပင်ကိုယ်ကမှ အားနွဲ့ရှာသော အမျိုးသမီးများအဖို့ ဓမ္မတာ သဘာဝဖြစ်သော ကိုယ်ဝန်ဆောင်ခြင်း၊ မွေးဖွားခြင်း ကိစ္စရှိလေရာ ထိုကိစ္စကြောင့်ပင် အမျိုးသားတို့အပေါ် မှီခိုအားထားလာရပါသည်။

ကျောက်ခေတ်နှောင်းပိုင်းကို ကျော်ဖြတ်ပြီး အိမ်ခြေအိမ်ရာများ တည်ထောင်လာသောအခါ၌မူကား အမျိုးသားများမှာ အစာရှာအမဲလိုက်၊ အမျိုးသမီးများမှာ အိမ်နေသူအများအဖြစ်ဖြင့် ယောက်ျားသားတို့အပေါ် တမှီတည်းမှီခိုလာရပြီး အမျိုးသမီးတို့၏ ကံကြမ္မာတစ်ခုလုံးကိုပင် ပိုင်ဆိုင်လာသည်။ မဟာပုရိသယောက်ျား များ ဖြစ်လာကြ၍ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမျိုးသားများတို့က ဖွဲ့စည်းပြီး အမျိုးသမီးများမှမူ ထိုအဖွဲ့ အစည်းတွင် မှီခိုသူများအဖြစ်ဖြင့် ပါဝင်လာရသဖြင့် အမျိုးသားများနေရာတကာလွှမ်းမိုး အုပ်ချုပ်လာကာ "ယောက်ျားကမ္ဘာ" (Male Chauvinist World) ဖြစ်လာရတော့သည်။

သန်းခေါင်စာရင်း(CENSUS) အရ ကမ္ဘာ့ထက်ဝက်ကျော် အမျိုးသမီးဦးရေရှိနေသည်ကိုပင် မေ့ပျောက် ပြီး တန်းတူအခွင့်အရေးရှိသည်ကို အိပ်မက်ပင် မမက်တာ့ချေ။ ယနေ့အခါသမယတွင် (သိပံ)ခေတ်ဖြစ်သည်။ သို့သော် ၁၉ ရာစုအစောပိုင်း၌မူကား (သိပံ)၏ကံဇာတာညှိုးနွမ်းသော အချိန်ကာလဖြစ်သည်။ (သိပံ)စမ်းသပ် တီထွင်ရန်ပင် အလွန်သက်စွန့်ဆံဖျားလှုပ်ရှားနေရသည့် အခါသမယလည်းဖြစ်ပါသည်။ တစ်ခါတစ်ရံမှာ နိဂုံးချုပ် ဇာတ်သိမ်းရသ့်အထိပင် ကံဆိုးမိုးမှောင်ကျတတ်ပါသည်။ ဂီယို(ရ်)ဒန်နို ဘရူနို(Giordano Bruno) သည် ရောမမြို့တွင် ခရစ်ယာန်တို့၏ တရာစွဲဆိုမှုကြောင့် မီးရှို့စီရင်သည်အထိ စီရင်ချက်ကို ခံရလေသည်။ ၁၇ ရာစုအတွင်း နှစ်အနည်းငယ်ကြာပြီးနောက် ဂါလီလေယိုက(Galileo) က ကျွန်ုပ်တို့ ကမ္ဘာကြီးသည် နေကိုလည်ပတ်ဟု ဖော်ပြရေးသားလေသည်။ ထိုကြေငြာချက်မှာ ခရစ်ယာန်သမ္မာကျမ်းစာနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သောကြောင့် ပုပ်ရဟန်းမင်းကြီးက ရုံးတော်သို့ဆင့်ခေါ်ပြီး ၄င်းအဆိုကို ပြောင်းလွှဲ ကပြောင်းလွှဲ ဒါမှာမဟုတ်" မီးရှုံ့သတ်စေ" ဟူသော ပြင်းထန်သော ရာဇသတ်ဖြင့် တရားစီရင်ချက် ချ လေ သည်။ ဂါဂီလေယိုသည် သူ၏အဆိုကို ရုပ်သိမ်း ရုံးတော်၌ အယူခံမှုကြောင့် ၄င်းရာဇသတ်ပုဒ်မမှ လွတ် မြောက်လေသည်။

ဤကဲ့သို့ ဥရောပနိုင်ငံများတွင် (သိပံ)နှင့် ခရစ်ယာန်ဘာသာတို့အကြား ပဋိပက္ခအသွင်ဆောင်လာပြီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များသည်(သိပံ)၏ဆန်းသစ်သော အတွေးသစ်အမြင်းသစ်များကို အကြီးအ ကျယ်နှိပ်ကွပ်လေသည်။ ဤသို့သော ဖိနှိပ်မှုကြားကပင် တစ်တစ် (သိပံ)နည်းပညာများထွန်းကားလာပါသည်။ ဆန်အက်နျူတန်(Iszze Newtona)1642-1727 သည်ဆွဲငင်အားနိယာမကို အရာဝတ္ထုတို့ ကျရောက်လာမှုဖြင့် ၄င်း၊ ထင်းရှားစေခဲ့ပြီး နေ့နက္ခတ်တို့၏ ရွေ့ရှားမှုတို့ဖြင့်၎င်း ဆွဲငင်အားနိယာမကို ဖြေရှင်းနိုင်ခဲ့သည်။

ဒါဝင်(DAWIN)၏ မျိုးရိုးဗီဇ မူလဇစ်ဖြစ်ဟူသော (The Origin of Species) စာအုပ်ထွက်ပေါ်လာသော အခါတွင်မူ ခရစ်.ာန်ဘာသာရေးခေါင်းဆောင်များ ပို၍ပင်တုန်လှုပ်ခြောက်ခြားလာရပါတော့သည်။ ဒါဝင် (DAWIN)သည်တဖန်တောင်အာဖရိကနှင် ပစိဖိတ်ဒေသများသို့ သဘာဝအရင်းအမြစ်များရှာ ဖွေသူ (Naturalist)အဖြစ်ဖြင့် သွားရောက်ပြီး များပြားသော သဘာသအမွေအနှစ်များကို စုဆောင်းခဲ့သည်။ ဤအရာဝတ္ထုများအားဆက်စပ်ဖောက်ပြခြင်းဖြင့် တိရိစ္ဆာန်တို့၏ မျိုးရိုးဗီဇတစ်ခုမှ အခြားဗီဇတစ်ခုသို့ ကြီးထွားပြောင်းလဲလာခြင်း ဗီဇနိယာမတို့ကို သိရှိလာရပါသည်။ ဤသို့ ဖြင့် သစ်ပင်တို့၏ ဗီဇ၊ တိရိစ္ဆာန်တို့၏ ဗီဇနှင့်လူသားတို့၏ ဗီဇနိယာမအထိ ပါဝင်သိရှိလာရပါသည်။ နောက်များ မကြာမှီ လူသားတို့ ဆင်းသက်ဖြစ်ပေါ်ခြင်း(The DESCNT of Man) အမည်ရှိ စာအုပ်ကို ထုတ်ဝေဖြန့်ချီလေသည်။ ဤစာအုပ်တွင် လူသားတို့၏ မျိုးရိုးဗီဇနှင့် ပတ်သက်ပြီး ဖော်ပြထားပါသည်။ ယခုအခါတွင် ပြောင်းလဲဖြစ်ပေါ်မှု အတွေးအခေါ် နှင့် သဘာဝနိယာမကို လူသားအမြောက်အများလက်ခံထားပြီးဖြစ်ပါသည်။ တစ်ဖက်တွင်မူ သမ္မကျမ်းစာ မိန့်ဆိုသည့်အတိုင်း ခရစ်တော်မပေါ်မှီနှစ် ၄၀၀၄ နှစ်တွင် ဤကမ္ဘာကြီးကို ဘုရားသခင်ဖန်ဆင်း တော်မူပြီး သစ်ပင်ပန်းမာလ်များ၊ တိရစ္ဆာန်များနှင့် နောက်ဆုံးတွင် လူသားတို့ကိ ဖန်းဆင်းတောင်မူးခဲ့သည် စွဲမြဲစွာ လက်ခဲ့ထားသည် ပုဂိုလ်များလည်း အများအပြားပင်။

၎င်းသည် ဒါဝင်(DWAIN)၏ သီဝရီနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လေသည်။ ယင်းသည့်တိုင် ဒါဝင်နှင့် ဘူမိဗေဒပညာရှင်များသည် ကမ္ဘာကြီး၏သက်တမ်းကို သန်းထောင်ချီပြီး ပြန်ပြောင်းပြောပြနိုင်သာလည်း ခရစ် ယာန်သမ္မာကျမ်းစာအနေနှင့်မူ တိုတောင်းလှသော နှစ် (6000)ခန့်ကိုသာ ပြောဆိုနိုင်စွမ်းရှိလေသည်။

ကျွန်ုပ်တို့သိပ္ပံပညာရပ်သည် အရှိန်အဟုန်နှင့် ထွန်းကားစပြုလာသည်။ မီးရထားစတင်ပေါ်ပေါက် လာစဉ်က ခရစ်ယာန်ဘာသာ အကြီးအကဲများပင် ပြစ်တင်ရှုံ့ချလေသည်။ "ဘုရားသခင် ဤကမ္ဘာကြီးကို ဖန်ဆင်းစဉ်က မီးရထားကို မဖန်ဆင်းခဲ့" ဟူ၍၄င်း၊ ထို့ကြောင့် မီးရထားကိုတီထွင်နေခြင်းမှာ မကောင်းဆိုးဝါး ငရဲသို့လားရာ ယမမင်း၏ ယာဉ်ရထားကို ဖန်းတီးနေသကဲ့သို့ သွားပုပ်လေလွင့် ပြောဆိုကြလေသည်။ ဟုတ်ပေမည်။ ရှေ့အခါက မီးရထား၏ အင်ဂျင်စက်သဏ္ဍာန်မှာ အထူးအရုပ်ဆိုးပြီး မကောင်းဆိုးဝါး ယမမင်းကြီး၏ ယာဉ်ရထားသဖွယ်ပင် ဖြစ်ပါသည်။ ပထမဆုံးသော စမ်းသပမောင်းနှင်စဉ်က မီးရထားကမ္ပဏီမှပင် လက်မှတ်အပြင် နံနက်စာ၊ နေ့လည်စာကို ကျွေးမွေးပြီး အပျော်ခရီးနေဖြင့် (၁၀)မိုင်ခန့်သာ မောင်းနှင်နိုင်လေ သည်။ ဤသို့ စိတ်ပျက်စရာကောင်းလောက်သော အခြေအနေမှ မီးရထား၏ စံချိန်ညွှန်းမှာ တစ်စတစ်စဖြင့် ခေတ်မီတိုးတက်ပြီး ပန်းတိုင်သို့ ရောက်ရှိလာသောအခါ ခရစ်ယာန်ဘုန်းတော်ကြီးတိုး၏ မလိုတမာအသံများ သည် " နေထိနှင်းပျောက်" ဖြစ်ခဲ့ရလေတော့သည်။ ယနေ့ရုပ်ဝတ္ထုများ အဆင့်ဆင့်ပြောင်းလဲကာ စိတ်ရောကိုယ်ပါ တိုးတက်လာပြီးသောခေတ်တွင် သက်ဦးဆံပိုင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ် စသည်စသည် ဖြင့်အဆင့်ဆင့် ပြောင်းလဲကာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံတော်ဖွဲ့စည်းပုံးများမှာလည်း ပါလီမန်အထိ အမျိုးသ မီးရပိုင်ခွင့်နှင့် အမျိုးသမီးထုတစ်ရပ်လုံးအား ကာကွယ်ပိုင်ခွင့် အက်ဥပဒေများ အသီးသီးပြဌာန်းပြီးဖြစ်၍ အမျိုး သမီးများ များတစ်ကိုယ်တော် ကမ္ဘာလှည့်ပတ်နေချိန်တွင် အထူးသဖြင့် ကျွန်ုပ်တို့ ကိုးကွယ်ရာ ဗုဒ္ဓဘာသာတွင် ခေတ်ကာလ၏ တောင်းဆိုချက်အရ "ဥဒ္ဒါနု ဥဒ္ဒကေဟိ သိက္ခာ ပဒေဟိ" စသော ဘုရားရှင် နောက်ဆုံးမိန့်မှာခဲ့ သည့်နှင့်အညီ ငယ်ကုန်သေးကုန်သော သိက္ခာပုဒ်များကို ပယ်ထုတ်အစားထို၍ သာသာနာတော် စည်ပင်ကြီး ပွားရာနှင့် ပတ်သတ်ပြီး သံဃာတော်တို့အား အစွမ်းကုန် အာဏာစက်ကို လွှဲအပ်ခဲ့လေသည်။

ယနေ့ အမျိုးသမီးတို့သည် မည်သည့်ကိစ္စတွင်မဆို အမျိုးသားတို့နှင့် တန်းတူ အခွင့်အရေးတောင်းဆို နေမှုနှင့် ပတ်သတ်ပြီး ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွင်လည်း "ဘိက္ခူသာသနာအပြင် ပျောက်ကွယ်နေသော ဘိက္ခူနီ သာသနာတော်ကိုလည်း ပြည်လည်အသက်ဝင်လာစေရန် ဘိက္ခူနီများ စတင်လာရာသမိုင်း ပညတ်တော်မှုခဲ့ သော ဂရုဓမ်(၈)ပါးနှင့် ပတ်သက်၍ ယခုခေတ်နှင့် လိုက်လျောညီထွေ ရှိ/မရှိ စသည်စသည်တို့ကို အနုလုံပဋိလုံ လေးနက်စွာ စဉ်းစား၍ သဒ္ဓါတရားထက်သန်သော အမျိုးသမီးတို့အား ဘိက္ခူနီပြုပေးခွင့် အမိန့်အာဏာကို ကမ္ဘာ့နိုင်ငံရှိ ဂိုဏ်းအသီးသီးမှ သာသနာပိုင်ဘုန်းတော်ကြီးများ စုပေါင်းကာ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုသင့်သည်ဟု ထင်မြင်မိပါသည်။ ဘိက္ခူနီပြုပေးခွင့်အမိန့်အာဏာရရှိလာသဖြင့် ဗုဒ္ဓမြတ်စွာသာသနာတွင်-
၁။ ဘိက္ခူ (ရဟန်းယေက်ျား)
၂။ ဘိက္ခူနီ (ရဟန်းမိန်းမ)
၃။ ဥပသကာ (ဒါယကာ)
၎။ ဥပသိကာ (ဒါယိကာမ) ဟူသော ပရိသတ်(၄) ဖြာ အင်္ဂါစုံသောသာသနာဥယျာဉ်ကြီးဖြစ်ပြီး ကြာမျိုးစုံဖူးပွင့်နေသော ကန်ကြီးအတွင်းအတွင်း ပျားပိတုန်းများ ချိုမြိန်သော ၀တ်မှုံဝတ်ဆံကို လွယ်လင့်တကူ သောက်သုံးနိုင်သကဲ့သို့ သာသနာ့ဥယျာဉ်ကြီးဝယ် တရားချစ်ခင်သူတော်စင် ပျားပိတုန်းများအဖို့ လွယ်လင့်တ ကူ မဂ်ဖိုလ်တည်းဟူသော ပန်းဝတ်မှုံဝတ်ဆံကို သောက်သုံးနိုင်မည်ပါကြောင်း။
သာသနာစည်ပင်ရေးသို့ . . . . . . . . .

မောင်ကျောက်ကောင်း
ကာလကတ္တား
MA (AIG.AS)
Magath University




.

0 comments:

Post a Comment