Friday, October 29, 2010

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်

တက္ကသိုလ် မောင်က၀ိ

ကမ္ဘာ့နိုငှ်ု့အသီးသီးတွင် အစိုးရမဟုတ်သော လူမှုရေးအသင်းများ၊ ပညာရေး၊ စီးပွါးရေးအ သင်းများမြောက်များစွာ တည်ထောင်ခဲ့ကြသည်။ ယခုလည်တည်ထောင်နေကြသည်၊ နောင်လည်း တည်ထောင်နေကြဦးမည်။ ဘာကြောင့်အသင်းအဖွဲ့များ တည်ထောင်ခဲ့ကြသနည်းဟု ဆိုလျှင် တစ် ဦးတည်းတစ်ယောက်တည်းအနေဖြင့် လုပ်ဆောင်၍မရသော အလုပ်များကို အများနဲ့ပူးပေါင်း၍ လုပ်ဆောင်နိုင်ရန်အတွက် အသင်းအဖွဲ့များတည်ထောင်ကြသည်ဟု ထင်ပါသည်။
ထိုကဲ့သို့ သာရေး၊ နာရေး ပရဟိတအသင်းများ မြောက်များစွာ တည်ထောင်ခဲ့ကြသည့် အ ထဲမှ ယနေ့လက်ရှိတည်မြဲနေသော အသင်းအဖွဲ့များမှာ အနည်းငယ်မျှသာရှိမည်ဟုထင်ပါသည်။ မွေးဖွားသူဦးရေက များပြီး သက်ရှိထင်ရှားရှိနေကြသောဦးရေက နည်းသကဲ့သို့ပင်ဖြစ်၏။ ဘာ ကြောင့် ထိုကဲ့သို့ဖြစ်ရသနည်းဟူသည်ကိုလည်း ဆက်လက်လေ့လာရန်လိုအပ်လာပါသည်။

တချို့သော အသင်းအဖွဲ့များမှာ ၀င်ငွေထွက်ငွေ မမျှတခြင်းကြောင့် ဖြစ်သည်။ ဘဏ္ဍာဝင် ငွေကနည်းပြီး လုပ်ငန်းက ထုတည်ကြီးမားနေသည်။ ထိုအခါ လုပ်ငန်းကို ဘဏ္ဍာငွေက လိုက်မမီ နိုင်တော့ပဲ အင်အားချို့တည်းလာသည်။ ထိုအခါ အသင်းကြီးလည်း ရေရှည်မတည်တံ့နိုင်တော့ပဲ အနိစ္စသဘောသို ဆိုက်ရောက်သွားပါတော့သည်။ နောက်ဆုံးမှာ အသင်း၏ ဆိုင်းဘုတ်ကြီးတစ်ခု သာ အထီးကျန်စွာဖြင့် သစ္စာရှိရှိကျန်ရစ်ပါတော့သည်။


တချို့သော အသင်းများမှာ ထိုကဲ့သို့မဟုတ်၊ ဘဏ္ဍာငွေဖောင်းပွသွားခြင်းဖြစ်သည်။ဘဏ္ဍာ ငွေတောင့်တင်းသဖြင့် လုပ်ငန်းစီမံကိန်းများလည်း အသင့်အတင့်အောင်မြင်ခဲ့ကြ၏။ သို့သော် စီမံ မှုညံဖျင်းသောကြောင့် ဘဏ္ဍာငွေဖောင်းပါလာသောအခါ ငွေကိုင်ပြီး လုပ်နေရသူများက ပုထုဇဉ်သ ဘာဝအတိုင်း လောဘရမ္မက် အားကြီးလာတတ်၏။ ငွေကိုတတ်မက်သော လောဘရမ္မက် အားကြီး လာသောအခါ ပရိဟိတ စိတ်ဓါတ်များလည်း အမှောင်အတိဖြစ်သွားတတ်၏။ ထိုအခါ မရိုသား သော လုပ်ဆောင်မှုများ၊ အထူးသဖြင့်ရှင်းတမ်းမပြနိုင်သော အခြေအနေများသို့ပါ ဆိုက်ရောက် သွားတတ်၏။
နောက်ဆုံးတွင် တစ်ဦးနှင့် တစ်ဦး အဟာရမမျှတသောကြောင့် စိတ်ဝမ်းကွဲပြီး ဆိုင်ဘုတ် ကြီးတစ်ခုသာ မားမားမတ်မတ်ကျန်ရစ်ခဲ့၏။ ဤသည်တို့ကား စီမံခန့်ခွဲမှုဆိုင်ရာ ညံ့ဖျင်းမှုကြောင့် ကြုံတွေရသော အသင်းအဖွဲ့များ၏ လောကဓံပင်ဖြစ်၏။

နောက်တစ်ချက်က မာန အားပြိုင်မှုပင်ဖြစ်၏။ မာနကို ခ၀ါချပြီး ပရဟိတလုပ်မည်ဟုဆုံး ဖြတ်ကာ အသင်းအဖွဲ့ထဲသို့ ၀င်ရောက်လာ၏။ သို့သော် ပရိသတ်ရှေ့က ကုလားထိုင်ပေါ်မှာထိုင်ချ လိုက်သောအခါ အသင်းကပေးထားသောတာဝန်ကို ရာထူးဟုထင်မြင်လာတတ်၏။ အသင်က ချ မှတ်ထားသော စည်းကမ်းနှင့် အညီတာဝန်အသီးသီးကို ထမ်းဆောင်လာကြသော ပုဂ္ဂိုလ်များက မိမိ၏ တာဝန်ကို ရာထူးဟု လွဲမှားစွာ အသုံးချလာသောအခါ ကျန်အသင်းဝင်များကလည်း မာနနှင့် ကာကွယ်တတ်ကြ၏။ ထိုကဲ့သို့ ရာထူးနျင့် မာန အားပြိုင်လာသောအခါ အသင်းအဖွဲ့၏ ညီညွတ်မှု အင်အားမှာ အဝေးသို့ ထွက်ပြေးသွားတော့၏။ နောက်ဆုံးတွင် ဆေးရောင်စွမ်းသော ဆိုင်းဘုတ် ကြီးမှာ အထီးကျန်ဘ၀သို့ရောက်သွားရှာ၏။ ထိုထိုသို့သော အကြောင်းများကြောင့် တည်ထောင်ခဲ့ ကြသော အသင်းအဖွဲ့ကများကြီး၊ လက်ရှိတည်မြဲနေသော အသင်းအဖွဲ့က နည်းကြခြင်းဖြစ်၏ဟု အကျဉ်းအားဖြင့် သိရှိရ၏။

ထို့ကြောင့် အထက်ကဖေါ်ပြခဲ့သော အဖြစ်အပျက်များကို သင်ခန်းစာယူပြီး မိမိတို့၏ မိခင် အသင်းကြီး တိုးတက်ခိုင်ခန့်မှုကို ရှေ့ရှု၍ အများနှင့်တိုင်ပင်ဆွေးနွေးကာ ညီညွတ်စွာဖြင့် ဆောင် ရွက်ရပါမည်။ ဤအချက်သည် အများနှင့်လုပ်ဆောင်ရာတွင် လွန်စွာအရေးပါသော အချက်တစ်ခု ဖြစ်ပါသည်။ မည်သူဖြစ်စေ အလုပ်လုပ်လာသောအခါ မထင်မှတ်သော အမှားအနည်းငယ်စီပါ တတ်ကြပါသည်။ ပညာရှိများကလည်း မမျှော်လင့်သော အမှားများသည် တခါတရံဖြစ်တတ်သည် ဟု မိန့်ဆိုခဲ့ကြပါသည်။ စေတနာနှင့် မှားသော အမှားဖြစ်သော်လည်း မှားဖန်များသောအခါ ဝေဒ နာ အမှားများဖြစ်သွားတတ်ပါသည်။ စေတနာဟူသည်မှာလည်း ကုသိုလ်လည်းဖြစ်နိုင်သကဲ့သို့ အကုသိုလ်လည်းဖြစ်နိုင်၏။ ထို့ကြောင့် စေတနာနှင့် လုပ်တိုင်းအမှန်ဟု လှေနံဓါးထစ် မှတ်ယူ၍ မ ရနိုင်ပါ။

ဤနေရာ၌ အမှားဆိုသည်မှာ မိမိတို့လုပ်လိုက်သော အလုပ်က ထိုက်တန်သော အောင်မြင် မှုကိုမရပဲ လွဲလျှော်သွားခြင်းမျှကိုသာ ဆိုလို၏။ ထိုကဲ့သို့ မမျှော်လင့်ပဲ ဖြစ်လာတတ်သော အမှား မျိုးကို ခွင့်လွတ်တတ်ရန် အဖွဲ့ဝင်များမှာ `ကတညုတ´ မျက်စိဖြင့် ကြည့်တတ်ရန်လိုအပ်ပါသည်။ ပပဉ္စမျက်စိ၊ ဗြဟ္မစိုရ်မျက်စိများနှင့် ကြည့်လျှင် ပီပြင်စွာမြင်နိုင်မဟုတ် `ကတညုတ´ မျက်စိဖြင့် ကြည့်မှသာ ခွင့်လွတ်ခြင်း အင်အားများပေါက်ဖွားလာမည်ဖြစ်၏။

ထိုကဲ့သို့သော အမှားများ၊ အမြင်မကြည်လင်မှုများသည် အသင်းတို့၏ သဘာဝဟုဆို သော်လည်း အများသဘောတူဆန္ဒကို ကြိုတင်ရယူပြီးမှ လုပ်ဆောင်ခြင်းသည် အမှားသဘာဝဒဏ် နည်းသောအလုပ်ဖြစ်၏။ ဘောလုံးကစားသည့် နည်းစနစ်တွင်လည်း မည်မျှပင်ကောင်းသော က စားသမားဖြစ်စေကာမူ သူတစ်ဦးတည်းဖြင့် အနိုင်ဂိုးရအောင်မကစားနိုင်ပါ။ ရှေ့တန်း၊ အလယ်တန် နောက်တန်းစသည့် ကစားသမားအားလုံး အပေးအယူမျှတမှ ကစားကွက်လည်းလှမည်။ အနိုင်ဂိုး လည်းရမည်ဖြစ်၏။ ထို့အတူ အသင်းအဖွဲ့များတွင်လည်း အသင်းဝင်များအချင်းချင်း ညီညွတ်စွာ တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ကြပါမှ လုပ်ငန်းလည်းအောင်မြင်မည်၊ အသင်းကြီးလည်း ခိုင်မာစွာ ဖြင့် ရေရှည်တည်တံ့နိုင်မည်ဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရားက အပရိဟာနိယ ကြီးပွားကြောင့်တရားများထဲတွင် အဘိဏှ သန္နိပါတ၊ ပုံမှန်စည်းဝေးခြင်းနှင့်၊ သမဂ္ဂကရဏ ညီညွှတ်စွာ ဆောင်ရွတ်ခြင်းတို့ကိုပါ အထူးတ လည်ဟောကြားတော်မှုခဲ့၏။ ထို့ကြောင့် ပညာရှိများက ထိုကဲ့သို့အများသဘောတူဆန္ဒဖြင့် ဆောင်ရွတ်ကြမှသာလျှင်`သမဂ္ဂါနံတပေါ သုခေါ´ ဖြစ်မည်ဟု လက်ခံထားကြ၏။ ကမ္ဘာကျော် ပညာရှင် နပိုလီယံဟစ်တ် Napoleom hid ကလည်း အများနှင့် လုပ်ဆောင်ရာတွင် cooperation ပူးပေါင်းဆောင်ရွတ်ခြင်းကို အလေးထားပြီး မိန့်ဆိုခဲ့ဖူး၏။ ထိုကဲ့သို့ အများနှင့် ပူးပေါင်းဆောင်ရွတ် ကြရာတွင် ပုဂ္ဂလိက ခံစားချက်များကြောင့် တစ်ဖက်သားကို မထိခိုက်စေရန်၊ အထူးသဖြင့် မိခင် အသင်းကြီးကို မထိခိုက်မိစေရန် လွန်စွာအရေးကြီးပါသည်။

ထို့ကြောင့် အသင်းကြီး၏ အောင်မြင်မှုနှင့် ရေရှည်တည်တံ့ရေးကို ရှေးရှုကြသော ကျွန်ုပ်တို့ အသင်းဝင်များ အားလုံးသည် အသင်းကချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း ညီညွတ်စွာ ဖြင့် တာဝန်အသီးသီးကို ဆောင်ရွတ်ကြရပါမည်။ တစ်ဦးနှင့်တစ်ဦး လက်ချင်းယှက်ကာ စိတ်ဓါတ် ခွန်အား အပြည့်ဖြင့် တက်ကြွရပေမည်။ သို့ဖြစ်၍ ငယ်စဉ်ကာလ ကလေးဘ၀က ရွာကျောင်းမှာ သင်ကြားခဲ့ရသော အောက်ပါကဗျာလေးနှင့် ဤဆောင်းပါးကို အဆုံးသတ်လိုက်ရပါသည်။


လှေးဘီးနွံထဲ ကျွံနေသည်
တစ်ယောက်တည်း မတွန်းနိုင်ဘူးလား
ကူ၍တွန်းပေးကြပါ
` ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် . . . . . . . ဟူ၍ဖြစ်ပါသည်။


ဆရာပေးသောလက်ဖြင့်
တက္ကသိုလ် မောင်က၀ိ

0 comments:

Post a Comment